မီးသွေးစျေးက မိုးပေါ်ပျံ
20-Dec-2017လူနာအား စမ်းသပ်အပြီး ဆရာဝန်က -
“ ခင်ဗျား အသက်လေးရလာပြီ။ အချိန်မှန်အိပ် အချိန်မှန်စားပေါ့ ”
“ အချိန်မှန်အိပ်ရပါတယ်။ အချိန်မှန်တော့ မစားနိုင်ဘူးဆရာ ”
“ ဘာလဲ။ စားမယ့်အချိန် ရင်ခံနေတာတို့ လေအောင့်တာတို့ဖြစ်တတ်လို့လား ”
“ ဟုတ်ဘူး။ ကျွန်တော်တို့ရပ်ကွက် မီးခဏခဏပျက်တော့ မိန်းမက မီးလာချိန်စောင့်ပြီး ချက်ပြုတ်ရလို့ပါဆရာ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်